ချစ်သည်းဦး (သို ့မဟုတ်) ဂျိဂျိ
(unicode version)
ဟေ့လူ၊ ခင်ဗျားအားတယ်မဟုတ်လား
လာဗျာထိုင်စမ်းပါဦး ကျုပ်တစ်ယောက်ထဲ ပျင်းနေတာဗျ၊ ရော့ဗျာ ရေနွေးကြမ်းသောက်ဦး... ခင်ဗျားဘာစားဦးမလဲ ၊ ဒီဆိုင်က ပဲပလာတာ ကောင်းတယ်ဗျ။ ဗျာ စားပြီးပြီဟုတ်စ ၊ ကဲဒါဆို ဆေးလိပ်လေးတော ့သောက်ဗျာ၊ ကောင်လေးရေ လန်ဒန်တပွဲချကွာ......
ဗျာ ကျုပ်ကောင်လေးလား .. ဟား အတော်ထွားနေပြီဗျ ၊ကျုပ်က ကျုပ်ကောင်လေးကြောင်း ပြောရရင်မောဒယ် မရှိပါဘူးဗျာ.. ခုလဲအားနေတာနဲ့ ခင်ဗျားကို အစအဆုံး ပြောမယ်ဗျာ။ လန်ဒန်တပွဲလုံးကုန်အောင်သောက်ဗျာ.. ပြီးအောင်တော့ နားထောင်မယ် မဟုတ်လား....
ဒီလိုဗျ ကျုပ်တို ့မြို.သစ်က အိမ်ကိုပြောင်းတော့ အိမ်သစ် မဟုတ်လား ဘာမှမရှိဘူးဗျ ၊ အရင်အိမ်မှာတုန်းကဆို ကျုပ်ကောင်လေးလို အများကြီးပေါ့ဗျာ.. ဒါပေမယ့် ခင်ဗျားသိတယ်မဟုတ်လား အပြောင်းအရွေ.ဆိုတော့.. သူတို့လည်း ထွက်သွားကြတယ်...
ဒီလိုနဲ့ဗျာ အိမ်သစ်မှာနေလို ့တနှစ်လောက်လဲကြာရောဗျို ့ မဲလုံးတွေသောင်းကျန်းပါလေရော.. ဘယ်လိုမှ နှိမ်းနင်းလို ့မရဘူးဗျို့၊ ဒါနဲ့ကျုပ်အမေကို ပြောရတယ် အမေ့ကျောင်းမှာ ရှာကြည့်ပါလားလို့..
ပြောရဦးမယ် ကျုပ်အမေက ဆရာမမို ့လား တပည့်တပန်းက တယ်ပေါတာကိုး..
ဒါနဲ့ ကျုပ်အမေလဲ သူ့ကျောင်းမှာ စကားစပ် ရင်းနဲ ့ ပြောလိုက်တာ ကျောင်းသူတဦးရဲ့ အသိတယောက်က ပေးမယ်ဆိုကိုးဗျ ၊ ကျုပ်တို ့မလဲ အတွေ ့အကြုံက ၁၃နှစ်ထက်မနည်း တော့ .. အမဆိုရင်မယူဘူးလို ့ပြောတာကိုး.. ဒါနဲ့အထီးလေးတကောင် ရရောဆိုပါတော့.... အမေ့ကျောင်း ကထမလုံရွာအကျော်က လေ ခင်ဗျားရောက်ဘူးမလား မဆိုနိုင်ဘူး.... ဟုတ်ပ ဟုတ်ပ ဝေးတော့ ကျောင်းကား ဖယ်ရီ တွေလည်းရှိပေါ့...
ဒါနဲ့ ဆိုကြပါစို့ ရဲ ့ ကောင်လေးကို ခြင်းတောင်းလေးထဲ ထည့်လို့ကျုပ်အမေက ခေါ်လာရောဗျ။ ကျုပ်အမေခမျာ ကောင်လေးကို သနားလို ့တဲ့အဲဒီနေ့က ဖယ်ရီစောင့်ရင်နောက်ကျမှာစို းလို ့လိုင်းကားနဲ့တောင်ပြန်လာတယ်...
ကျုပ်တို ့ညနေ အလုပ်ကပြန်ရောက်တော့ အိမ်ရှေ့တံခါးမကြီးက ပိတ်လို့ဗျို ့၊ ကျုပ်ကထူးဆန်းဒယ် ပေါ့ ဒီနေ ့... အိမ်ထဲ ရောက်တော့ အမေကဆီးပြောဒယ် ခေါ်လာပြီ။ နင်တို ့မှာတဲ့အတိုင်း အထီးလေးတဲ့.... ဒါပေမယ့်အရောင်ကတော့ အဝါလေးမဟုတ်ဘူးတဲ့ အညိုကျားလေးတဲ့...။ကျုပ်ကသိပ်ပြီးကြည့်ချင်တာပေါ့.. ကိုယ်ဆီရောက်လာမယ့်ကောင်လေးမဟုတ်လား.. ဒါနဲ့ဘယ်မှာလဲပေါ့.. ဘုရားခန်းအောက်မှာတဲ့.. အမယ်ဒီကောင်က သိပ်မစိမ်းဘူး အစာတွေဘာတွေ ထွက်စားလို ့တဲ့...
ကျုပ်က ဘုရားခန်းထဲ ၀င်ကြည့်တော့... လားလား အညိုကျားလေးဗျမျက်လုံးလေးကို ပြူးလို ့ ကျုပ်ကို ကြည့်နေတာ... အမယ် မျက်လုံးမျက်ဖန်ကစိမ်းတောက်နေတာဗျ .. ကိုင်ကြည့်တော့ အကိုင်ခံတယ်ဗျ။ အိုဗျာအခြားကောင်တွေဆို ဒီနေ့ခေါ်လာ ဘယ်ဒီနေ့ သွားကိုင်လို ့ရမလဲ ခင်ဗျားကိုကုပ်လိုက်မှာပေါ့.... ဒါပေမယ် ့ကျုပ်ကောင်လေးက ကြီးနေပြီဗျ ..ကျုပ်ကတောင် အမေ့ကို ပြောလိုက်သေးတယ်.. အမေကလဲ ဘာလို ့အကြီးကြီးခေါ်လာတာလဲ..ကျုပ်မျက်စိထဲမှာတော့ ဒီကောင်က၉လသားအရွယ်လောက်ရှိပြီဗျ.... အမေက ဟဲ့ အဲဒါ၆လတောင်မပြည့်သေးဘူးတဲ့ သူတို ့အမျိုးက ထွားတယ်လို ့ပေးလိုက်တဲ့ ငါ့တပည့်လေးကပြောတယ်တဲ့....
ရောက်စတော့ ကောင်လေးက တအားစားတယ်ဗျ ကျုပ်တို့မလဲစိမ်းနေမှာစိုးတာရယ် နေရာသစ်ရောက်တော့ကြောက်နေရှာမဟဲဆိုပြီး စားဖို ့ဝယ်ထားတဲ့ အာပြဲချောက်တွေချကျွေးတော့... ဟာဗျာ စားလိုက်တဲ့ဖြစ်ခြင်း... နောက်တော့ရင်းနှီးလာတာပေါ့ .. တပတ်လောက်လဲ ကြာရောဗျို ့ ခြံပေါက်ကျနေတာပဲအပြင်တွေဘာတွေထွက်လို ...
ထူးဆန်းတာလေးတွေပြောရဦးမယ်ဗျ .. အရင်အိမ်မှာ သူ့ကိုဘယ်နှယ့်ခေါ်လဲ ပြောတတ်ပါဘူးဗျာ.. ကျုပ်တို ့သူ ့ကို အစာကျွေးတိုင်ကျ မီးမီး မီးမီး လို ့ခေါ်တာ မသိဘူးဗျ .. ဘယ်ဗျာ အရင်ကောင်တွေများ အဲလိုခေါ်ရင်ပြေးလာတာဗျ.. နဲနဲ တုံးတယ်ပေါ့... တညင်ကခေါ်လာတဲ့ တောသားလေးမို့လို ့လားမသိ တုံးတယ်ပေါ့..... နောက်ရှိသေးတယ်ဗျ ဒီကောင်လေးက သူ ့ကိုသွားကိုင်ရင်မကြိုက်ဘူး ကိုက်လားကိုက်ရဲ့ ကုပ်လားကုပ်ရဲ့....နောက်တော့ အထာသိသွားတော့ သူ့ကိုမကိုင်တော့ဘူးဗျိုု့..... ဒါပေမယ့်စိတ်ထဲမတော့ ကောင်လေးကို နဲနဲ ထရိန်နင်ပေးမယ်ပေါ့... ဟားရတာပေါ့ဗျကျုပ်တို ့မွေးလားတာ အကောင် ၂၀ မကဘူး အဟုတ်ပြောတာ...
ဒီကောင်က ငါးခြောက်တွေစားလို ့လားမသိ ရေတော့ အလွန်သောက်တာဂလားဖလားအဟောင်းတလုံးနဲ့ ရေများအပြည့်ထဲ့ပေး ထားလိုက်အိုသောက်လိုက်တာပြောမနေပါနဲ့ တော့ .. တခါတခါရေသောက်ရင်ငါးမိနစ်လောက်ကြာတယ်... ထမင်းဆိုလည်းနင်းကန်စား.... ဟားရောက်ပြီး ၃လလောက်ပဲကြာတယ်.. ၀တုတ်ကိုပြဲလို ့ မသိရင် ၁နှစ်ခွဲသားလောက်ရှိတယ်...
အမယ် မဲလုံးတွေ ကသိဒယ်ဗျို ့ကျုပ်ကောင်လေးရောက်ရုံရှိသေးအသံတွေကို တိတ်လို ့.. အမြီးတောင်မမြင်ရတော့ဘူး..မွေးရကျိုးနပ်တယ်ပေါ့ဗျာ..... ဗျာ ချီးတို ့သေးတို ့ဟုတ်စ .. ဟာဗျာကျုပ်တို ့နဲနဲတော့ သင်ပေးရတာပေါ့.. ခြံထဲ မြေကြီးပေါ်သွားတတ်အောင်လုပ်ပေးလိုက်တာပေါ့ .. ကြည့်ရတာ သူအရင်နေတဲ့ နေရာကလဲမြေကြီးရှိထင်ပါ့.. သိပ်မသင်လိုက်ရပါဘူး သူ ့ဟာသူခြံထဲပဲသွားတာပါပဲ... ပြောရဦးမယ် ကျုပ်တို ့က သူ ့ကို ညတိုင်ကျမီးဖိုခန်းထဲမှာ သိပ်တာဗျ ..မဲလုံးက အဲဒီမှာ သောင်းကျန်းတာကိုးဗျ..အဲဒီတော့ ည တရုတ်ကားပြီးတာနဲ ့ ကောင်လေးကို ဖမ်းပြီး မီးဖိုခန်းပို့လိုက်တာပဲ.. မီးဖိုခန်းအခင်းက သံမံတလင်းဆိုတော့ ခုံလေးပုဆိုးစုတ်လေးထားပေးရတယ်ဗျာ တော်တော်ကြာ နေမကောင်းဖြစ်မျာစိုးလို ..နောက်အမေက ကောင်လေးကို သနားတာနဲ ့ ကြောင်အိမ်ကို ဖွင့်ပြီး ငါးခြောက်အပိုင်းလောက်ချချကျွေးတယ်.. နောက်ဆိုဗျာ တရုတ်ကားပြီးတော့. လူတွေနောက်ဖေးဝင်သွားတာနဲ့ သူလဲနောက်ဖေးလိုက်ဝင်ပြီး ကြောင်အိမ်ရှေ့ထိုင်စောင့်နေတော့တာပဲ.. အင်းမအော်ဘူးဗျ.. လူဆိုရင်တော့.စကားနည်းတယ်ခေါ်မလား ပြောတတ်ပါဘူးဗျာ... အဟုတ်ဗျ ဒီကောင်က သိပ်မအော်ဘူးဗျ..လူတွေထမင်းစားချိန်ဆိုလဲ စားပွဲအောက် မြင်သာတ ဲ့နေရာလေးကနေ ထိုင်ပြီးတော့... မော့နေတော့တာပဲ...
သြော် ဟုတ်ပဗျို ့မေ့တော့မလို ့.. ခင်ဗျားမေးမှသတိရတယ်...ရောက်စတုန်းကဆို ဘယ်လို နာမည်ပေးကောင်းမလဲ ဆိုပြီးနာမည်ရွေးကြတာပေါ့....ပြောရဦးမယ် အိမ်မှာ နောက်ဆုံးသုတ်အကောင်တွေတုန်းကဆို ဂျပန်နာမည်တွေချည်းပေးတာကိုး.. ပေးခဲ့ တာကိုး အဲတော့ ဒီကောင်လေးကိုလဲ ဂျပန်လို ပေးမယ်လို ့စဉ်းစားတော့.. ဟိုးတုန်းက မြဝတီမှာ လာတဲ့ ဂျပန်ကာတွန်းလေ.. ကောင်မလေးက စုန်းမျိုးဆိုတော့ ၁၂ နှစ်မှာ တံမြက်စည်းနဲ့ ကြောင်နက်လေးတကောင်နဲ ့ခရီးထွက်ရတဲ့ ကာတွန်းထဲကကြောင်နက်ကလေးရဲ ့နာမည် ဂျိဂျိ ကို သဘောကျလို ့.. ကျုုပ်ကောင်လေးကို ဂျိဂျိ လို ့ပေးထားတာပေါ့....
ဟားဟား ကျုပ်ဆီလာလည်တဲ့ ကျုပ်သူငယ်ချင်းတွေဆို ဂျိဂျိိ ကိုအရင်ကောင်လေးတွေလို အောက်မေ့လို ့သွားကိုင်တာ..အကုပ်ခံရရောလားဗျို ့.... ခင်ဗျားတောင်အကုပ်ခံရသေးမဟုတ်လား... အမယ် အခုဒီကောင်က နဲနဲ လိမ်မာသွားပြီသိပ်မကုပ်တော့ဘူး ကိုင်လို့ ပွတ်လို ့ သပ်လို ့ရပြီဗျ ၊ ပိုပြီးယဉ်လာတယ်ပဲပြောပါတော့...
အင်း ထုံးစံအတိုုင်းပေါ့ဗျာ ဒီကောင်တွေ အမျိုးက ဘယ်လောက် ဗိုက်ဝအောင်စားစားလူ ၁၀ ခါစား သူတို ့လဲ ၁၀ ခါစားချင်ဗျ သိလား.. ကျုပ်ကောင်လေး ဂျိဂျိ ကတော့ဗျို ့အစုံစားဗျ.. ထန်းလျှက်လည်း စားလိုက်တာပဲ.. ငါးခြောက်များဆိုဘယ်လောက်စားစား မုန်းမယ့်ပုံမရှိဗျ သိလား.. ကျုပ်တို ့မနက် ပေါင်မုန့်တွေဘာတွေစားလို ့ချကျွေးလည်း စားလိုက်တာပဲ... ခင်ဗျာကြက်ဥမရွေးစားဘူးလား.. ခပ်ပျော့ပျော့နဲ့ မရွေးလေ.. အေးဒီကောင်ဒါလဲစားတာပဲ.. မုန် ့ထဲမှာတော့ .. စာကလေးချီးလေဗျာ ခင်ဗျားတို့ဘက်ကတော့ စာကလေးခွေခေါ်မလား ဘဲ .. အဲဒါဆို သိပ်ကြိုက်ဗျ.. အဲဒီ စာကလေးချီးထည် ့ထားတဲ ့ပလပ်စတစ်အိိတ်သ ံ ဂျွတ်ဂျွတ် လို ့ မြည်အောင်လုပ်လိုက် အငန်းမရ ဗျာ ဖြစ်ပျက်နေတော့တာဗျ .
အေး ပလပ်စတစ်အိတ်သံလည်း ခွဲမှတ်ထားတာဗျ တခြားပလပ်စတစ်အိတ်သံ ဆို သိတယ်ဗျ ဘာမှမဖြစ်ဘူး.. နောက်တခုက တောင်ကြီးပဲလှော်ဗျ ပထမတော့ လူက တောင်ကြီးပဲလှော် အသားစား ဂျိဂျိ ကိုအခွံကျွေးတော့ စားသေးဗျို ့၊ နောက်တော့ ဂျိဂျိလေး သနားပါတယ် လူတွေကျတော့အသားစားပြီးသူ ့ကျမှ အခွံ တွေစားရတယ်လို ့ ဆိုပြီး အသားချကျွေးလိုက်တာ၊ နောင်ဘယ်တော့မှ တောင်ကြီးပဲလှော် အခွံမစားတော့ဘူးဗျို ့...အသားမှစားတော့တယ်...
ဗျာ မမောသေးဘူး ဟုတ်စ.. ကျုပ်ပြောသားပဲ မမောပါဘူးလို ့..ခင်ဗျားနားထောင်တာ နားညည်းနေပြီလား အေးဗျာ ကျုပ်တို ့ မိသားစု ကတော့ချစ်တာကိုးဗျ.. ကိုယ်ချစ်တဲ့သူအကြောင်းပြောတာတော့.. ဘယ်မောပါ့မလဲ.. ခင်ဗျားက ရီတယ်ဟုတ်စ... ဒီလို ဗျ သူတို ့လေးတွေကို ချစ်တဲ့ အချစ်ကလုံးဝသန် ့တယ်ဗျ... အဖြူရောင်စစ်စစ်ဗျ.. ဘာ.. မပိုပါဘူးဗျ... သူတို့အပေါ် ကနေဘာမှ ပြန်မမျှော်လင့်ဘဲ ချစ်တာဗျ သူတို ့ပြန်မချစ်လဲ ဘာဖြစ်လဲ၊ကျုပ်တို ့က မစ်တာမပျက်ဘာဘူးဗျ... ကျုပ်တို ့အတွက်အဖေါ်ပေါ့ဗျာ...
ခင်ဗျားပြောလို ့ပြောရဦးမယ်.. ကျုပ်အဖေနဲ ့အမေက ၂လခြားပြီးပင်စင်ယူသွားကြတယ်.. သြော်ခင်ဗျားမသိသေးဘူးလား.. အေးအေး သူတို့အိမ်မှာနေတော့ ပျင်းနေကြတာပေါ့ဗျာ.. ကျုပ်တို ့ကလဲ အလုပ်သွားချိန်ဆိုတော့အိမ်မှာမရှိ အဲတော့ အဖေနဲ ့အမေ က ဘုရားလေးရှိခို း လိုက်စာလေးဖတ်လိုက် ကျန်တဲ့အချိန်ဆို ဂျိဂျိလေးကို အဖေါ်လုပ်ဂရုစိုက်လိုက်ပေါ့.. ဟော ခင်ဗျာ ရီပြန်ပြီ.. ဟုတ်တယ်လေ လူဆိုတာ စာဖတ်နေ တရားမှတ် ဘယ် အချိန်ပြည် ့လုပ်နိုင်ဦးမလဲဗျ.. အဲတော့ကျုပ်ကောင်လေးကို ပဲ ဂရုစိုက်ရင်းနဲ ့ အဖေါ်လုပ်ရတာဗျ..
ဗျာ .. ဘာကြောင် ့ဒီမှာပြောတာလဲ ဟုတ်စ ခင်ဗျား စဉ်းစားကြည့်လေး အချစ်နှင့်ချစ်ခင်မှု ဆိုတာနဲ ့ပတ်သက်မှု ရှိပါတယ်ဗျ... သူတို ့လေးတွေကိုချစ်တာလဲ အချစ်မဟုတ်ဘူးလား .. ကျုပ်ကောင်မလေးကို ချစ်တာက တမျိုး၊ ကျုပ်မိဘတွေကိုချစ်တာကလဲ တမျိုး.. ကျုပ်သူငယ်ချင်းတွေကိုသံယောဇဉ်ရှိတာက တမျိုး .. ဒီကောင်လေးကို ချစ်တာ သံယောဇဉ်ရှိတာနဲ့ကျ တမျိုးစီပေါ့ဗျာ ။။ ဒါလဲ အချစ် နဲ ့ ချစ်ခင်မှုမဟုတ်လား.. ဒါကြောင့်ဒီမှာပြောတာဗျ .. ခင်ဗျား သဘောမတူလဲ မတတ်နိုင်ဘူးဗျာ....
နောက်တော့သူ ့ကို ချစ်စနိုးနဲ့ နာမည်တွေပေးလိုက်တာမှ စုံနေတာပါပဲ နာမည် လေး ငါးမျိုးလောက် ရှိမလား မဆိုနိုင်ဘူး။ တခါကျတော့ ဇော်ဝင်းထွဋ် ရဲ့ ချစ်သည်းဦး ဗီစီဒီ ကြည့်ရင်း ဂျိဂျိကို ချစ်သည်းဦးလို ့ ခေါ်ဖြစ်သွားတယ်။ ချစ်သည်းဦး လေး ချစ်သည်းဦး ကြီးနဲ့ ခေါ်လို ့ ကောင်းလို ့ တအိမ်လုံး ခေါ်လိုက်ကြတာပါပဲဗျာ။
မေးရဦးမယ်.... ကျုပ်ကတော့ပြောပြီးသွားပြီ... ခင်ဗျားမှာလဲ အဲလို ချစ်ခင်ရတဲ ့ pet အကြောင်းလေးရှိရင်ပြောစမ်းပါဦးဗျ..ကျုပ်က နားထောင်ပေးမှာပေါ့ဗျ ...... ပြောစမ်းပါဗျ... ကဲရေနွေးလေးတော့အရင်သောက်ဦးမှဗျ..
ကဲ..... စာပွဲထိုးလေးရေ ရေနွေးပူပူလေး တအိုးချစမ်းပါဦးကွ.....
အမှတ်တရများစွာဖြင့် ကျနော့်ရဲ ့ဂျိ
တကယ်တော့ ဂျိဟာ သာမန်ကြောင်တကောင်ပါပဲ။
သူများတွေ အတွက်တော့ သာမန် ကြောင်လေးတကောင် ဖြစ်ပေမယ့်။
ကျနော်တို ့ မိသားစု အတွက်ကတော့ ဂျိဟာ မိသားစုဝင်တဦးပါပဲ။
ချစ်သည်းဦးလို ့ ကျနော်က ချစ်လွန်းလို ့ ခေါ်တဲ့ ဂျိမှာ ချစ်စနိုးခေါ်တဲ့
နာမည်တွေ များမှများပါပဲ။ အညိုဖျော့ရောင် ကြောင်ထီးလေး ကောင်ဖြစ်တဲ့
ဂျိဟာ တကယ်တော့ ကျနော် တို ့ ဘဝ ကျနော်တို ့မိသားစုမှာ အကြာဆုံး
နေသွားခဲ့တဲ့ ကြောင်လေးတကောင်ပါပဲ။ ၂၀၀၁ ခုနှစ် နိုဝင်ဘာမှာ
အိမ်ကို ကျောက်တန်းနားက ထမလုံရွာကနေ ရောက်လာခဲ့တာပါ။
အမေကိုယ်တိုင် ခြင်းတောင်းလေးနဲ့ ထည့်ခေါ်လာတဲ့ ကောင်လေးပါ။
အဲ့ဒီည ကျနော်တို ့ ရုံးကပြန်လာတော့ ဘုရားခန်းထဲမှာ သူသိပ်ကြိုက်တဲ့
ငါးခြောက် စားနေတဲ့ ဂျိ ကို ခုထိ ကျနော်မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါပဲ။
မနေ ့တနေ ့ကလို ပါပဲ။
၆ နှစ်ဆိုတာ ဂျိ တို ့အဖို ့ အတော်အသက်ရနေပြီလို ့ ဆိုနိုင်သေးပေမယ့်။
သူများတွေ က ၁၆ နှစ် ၁၇ နှစ်မွေးထားကြတယ်ဆိုတော့ ဂျိကိုလည်း တရံတခါ
အဲ့ဒီ လောက်အသက်ရှည်စေချင်တယ် ဆိုရင်အဲဒါ ကျနော်တို ့ရဲ မတရားတဲ့
အတ်တ တခုဖြစ်နေမှာပေါ့။ သံယောဇဉ်ဆိုတာ နှောင်ဖွဲ့တတ်တဲ့သဘောရှိတော့
ကြာလာတော့လည်း ကျနော်တို ့ရဲ ့သံယောဇဉ်တွေကို ဂျိကပဲ နှောင်ဖွဲ ့လေသလား
ကျနော်တို ့ရဲ ့ အတ်တတွေ ကပဲ နှောင်ဖွဲ ့လေသလား ဆိုတာ တွေးမိပါတယ်။
သိပ်မကြာခင် ဂျိကို ပြန်ဆုံတွေ ဖို ့ မျှော်လင့်ထားတော့ ကျနော် ပိုခံစားရပါတယ်။
ဂျိအိမ်ကနေ ထွက်သွားပြီး ပြန်မလာတာ ကြာပြီလို ့ အိမ်ကပြောတော့။ စိတ်ထဲမှာ
ထင့်ခနဲ့ ဒီတသက်ဂျိကို ပြန်မှ တွေ ့ပါ့တော့မလား တွေးမိတာ မှန်နေပြီ ထင်ပါရဲ ့။
ခုဆို သုံးပါတ်ထဲရောက်နေပြီ ခါတိုင်း ရ ရက်လောက်ဆို ပြန်လာတတ်တဲ့ ဂျိကို
အလှူအတန်း အမျှဝေပေးပါလို ့တော့ အိမ်ကို ပြောထားလိုက်တယ်။
ပျောက်သွားတယ်ဆိုတော့ လည်း တချိန်ပြန်ရင်လည်း လာနိုင်သေးတာပဲလို ့တော့
စိတ်ဖြေနိုင်သေးပေမယ့်။ တကယ် အဖြစ်မှန်ကို လက်ခံထားတာ အကောင်းဆုံးပါပဲ။
ပြန်လာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ အမေ တို ့ကတော့ ဒီကောင်ကြီး
ပြန်မလာတော့ဘူး အခြားမှာ ကောင်းစားနေမှာပေါ့ သားရယ်လို ့တော့ ပြောပေးရှာပါတယ်။
အဲ့သလောက် သံယောဇဉ်ဆိုတာ မထားခဲ့ဖို့ ကောင်းပေမယ့် ။ ဂျိကို မချစ်ဘဲ
သံယောဇဉ်မဖြစ်ဘဲမှ မနေနိုင်ခဲ့ပဲကိုးး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင်
ဂျိကို တခါတခေါက်လောက် ပြန်တွေ ့ချင်ပါသေးတယ်။
ဒါပေမယ့်လည်း နိုဝင်ဘာ(2001)မှာပဲ ရောက်လာပြီး နိုဝင်ဘာ (2007) မှာပဲ ပြန်လည်ထွက်ခွာသွားတဲ့
ဂျိ သူ ့ကို ရည်စူးပြီး ဒီတပါတ်ထဲလောက်မှာ အလှူလုပ်ဖြစ်လိမ့်မယ်ထင်ပါတယ်
သုံးပါတ်ကျော်ပြီဆိုတော့လည်း အလှူတခုခုလုပ်ပေးသင့်ပြီလို ့ထင်ပါတယ်....
ချစ်သည်းဦး (သို ့မဟုတ်) ဂျိဂျိ
Labels: Giခ်စ္သည္းဦး (သို ့မဟုတ္) ဂ်ိဂ်ိ
ခ်စ္သည္းဦး (သို ့မဟုတ္) ဂ်ိဂ်ိ
zawgyi version
ေဟ့လူ၊ ခင္ဗ်ားအားတယ္မဟုတ္လား
လာဗ်ာထိုင္စမ္းပါဦး က်ဳပ္တစ္ေယာက္ထဲ ပ်င္းေနတာဗ်၊ ေရာ႔ဗ်ာ ေရေႏြးၾကမ္းေသာက္ဦး... ခင္ဗ်ားဘာစားဦးမလဲ ၊ ဒီဆိုင္က ပဲပလာတာ ေကာင္းတယ္ဗ်။ ဗ်ာ စားၿပီးၿပီဟုတ္စ ၊ ကဲဒါဆို ေဆးလိပ္ေလးေတာ ့ေသာက္ဗ်ာ၊ ေကာင္ေလးေရ လန္ဒန္တပြဲခ်ကြာ......
ဗ်ာ က်ဳပ္ေကာင္ေလးလား .. ဟား အေတာ္ထြားေနၿပီဗ် ၊က်ဳပ္က က်ဳပ္ေကာင္ေလးေၾကာင္း ေျပာရရင္ေမာဒယ္ မရွိပါဘူးဗ်ာ.. ခုလဲအားေနတာနဲ့ ခင္ဗ်ားကို အစအဆံုး ေျပာမယ္ဗ်ာ။ လန္ဒန္တပြဲလံုးကုန္ေအာင္ေသာက္ဗ်ာ.. ၿပီးေအာင္ေတာ့ နားေထာင္မယ္ မဟုတ္လား....
ဒီလိုဗ် က်ဳပ္တို ့ၿမိဳ.သစ္က အိမ္ကိုေျပာင္းေတာ့ အိမ္သစ္ မဟုတ္လား ဘာမွမရွိဘူးဗ် ၊ အရင္အိမ္မွာတုန္းကဆို က်ဳပ္ေကာင္ေလးလို အမ်ားႀကီးေပါ့ဗ်ာ.. ဒါေပမယ့္ ခင္ဗ်ားသိတယ္မဟုတ္လား အေျပာင္းအေရြ.ဆိုေတာ့.. သူတို့လည္း ထြက္သြားၾကတယ္...
ဒီလိုနဲ့ဗ်ာ အိမ္သစ္မွာေနလို ့တႏွစ္ေလာက္လဲၾကာေရာဗ်ိဳ ့ မဲလံုးေတြေသာင္းက်န္းပါေလေရာ.. ဘယ္လိုမွ ႏွိမ္းနင္းလို ့မရဘူးဗ်ိဳ့၊ ဒါနဲ့က်ဳပ္အေမကို ေျပာရတယ္ အေမ့ေက်ာင္းမွာ ရွာၾကည့္ပါလားလို့.. ေျပာရဦးမယ္ က်ဳပ္အေမက ဆရာမမို ့လား တပည့္တပန္းက တယ္ေပါတာကိုး..
ဒါနဲ့ က်ဳပ္အေမလဲ သူ့ေက်ာင္းမွာ စကားစပ္ ရင္းနဲ ့ ေျပာလိုက္တာ ေက်ာင္းသူတဦးရဲ႔ အသိတေယာက္က ေပးမယ္ဆိုကိုးဗ် ၊ က်ဳပ္တို ့မလဲ အေတြ ့အႀကံဳက ၁၃ႏွစ္ထက္မနည္း ေတာ့ .. အမဆိုရင္မယူဘူးလို ့ေျပာတာကိုး.. ဒါနဲ့အထီးေလးတေကာင္ ရေရာဆိုပါေတာ့.... အေမ့ေက်ာင္း ကထမလံုရြာအေက်ာ္က ေလ ခင္ဗ်ားေရာက္ဘူးမလား မဆိုႏိုင္ဘူး.... ဟုတ္ပ ဟုတ္ပ ေ၀းေတာ့ ေက်ာင္းကား ဖယ္ရီ ေတြလည္းရွိေပါ႔...
ဒါနဲ့ ဆိုၾကပါစို့ ရဲ ့ ေကာင္ေလးကို ျခင္းေတာင္းေလးထဲ ထည့္လို့က်ဳပ္အေမက ေခၚလာေရာဗ်။ က်ဳပ္အေမခမ်ာ ေကာင္ေလးကို သနားလို ့တဲ့အဲဒီေန့က ဖယ္ရီေစာင့္ရင္ေနာက္က်မွာစို းလို ့လိုင္းကားနဲ့ေတာင္ျပန္လာတယ္...
က်ဳပ္တို ့ညေန အလုပ္ကျပန္ေရာက္ေတာ့ အိမ္ေရွ့တံခါးမႀကီးက ပိတ္လို့ဗ်ိဳ ့၊ က်ဳပ္ကထူးဆန္းဒယ္ ေပါ့ ဒီေန ့... အိမ္ထဲ ေရာက္ေတာ့ အေမကဆီးေျပာဒယ္ ေခၚလာၿပီ။ နင္တို ့မွာတဲ့အတိုင္း အထီးေလးတဲ့.... ဒါေပမယ့္အေရာင္ကေတာ့ အ၀ါေလးမဟုတ္ဘူးတဲ့ အညိဳက်ားေလးတဲ့...။က်ဳပ္ကသိပ္ၿပီးၾကည့္ခ်င္တာေပါ့.. ကိုယ္ဆီေရာက္လာမယ့္ေကာင္ေလးမဟုတ္လား.. ဒါနဲ့ဘယ္မွာလဲေပါ့.. ဘုရားခန္းေအာက္မွာတဲ့.. အမယ္ဒီေကာင္က သိပ္မစိမ္းဘူး အစာေတြဘာေတြ ထြက္စားလို ့တဲ့...
က်ဳပ္က ဘုရားခန္းထဲ ၀င္ၾကည့္ေတာ့... လားလား အညိဳက်ားေလးဗ်မ်က္လံုးေလးကို ျပဴးလို ့ က်ဳပ္ကို ၾကည့္ေနတာ... အမယ္ မ်က္လံုးမ်က္ဖန္ကစိမ္းေတာက္ေနတာဗ် .. ကိုင္ၾကည့္ေတာ့ အကုိင္ခံတယ္ဗ်။ အိုဗ်ာအျခားေကာင္ေတြဆို ဒီေန့ေခၚလာ ဘယ္ဒီေန့ သြားကိုင္လို ့ရမလဲ ခင္ဗ်ားကိုကုပ္လိုက္မွာေပါ့.... ဒါေပမယ္ ့က်ဳပ္ေကာင္ေလးက ႀကီးေနၿပီဗ် ..က်ဳပ္ကေတာင္ အေမ့ကို ေျပာလိုက္ေသးတယ္.. အေမကလဲ ဘာလို ့အႀကီးႀကီးေခၚလာတာလဲ..က်ဳပ္မ်က္စိထဲမွာေတာ့ ဒီေကာင္က၉လသားအရြယ္ေလာက္ရွိၿပီဗ်.... အေမက ဟဲ့ အဲဒါ၆လေတာင္မျပည့္ေသးဘူးတဲ့ သူတို ့အမ်ိဳးက ထြားတယ္လို ့ေပးလုိက္တဲ့ ငါ့တပည့္ေလးကေျပာတယ္တဲ့....
ေရာက္စေတာ့ ေကာင္ေလးက တအားစားတယ္ဗ် က်ဳပ္တို့မလဲစိမ္းေနမွာစုိးတာရယ္ ေနရာသစ္ေရာက္ေတာ့ေၾကာက္ေနရွာမဟဲဆိုၿပီး စားဖို ့၀ယ္ထားတဲ့ အာၿပဲေခ်ာက္ေတြခ်ေကြၽးေတာ့... ဟာဗ်ာ စားလိုက္တဲ့ျဖစ္ျခင္း... ေနာက္ေတာ့ရင္းႏွီးလာတာေပါ့ .. တပတ္ေလာက္လဲ ၾကာေရာဗ်ိဳ ့ ၿခံေပါက္က်ေနတာပဲအျပင္ေတြဘာေတြထြက္လို ...
ထူးဆန္းတာေလးေတြေျပာရဦးမယ္ဗ် .. အရင္အိမ္မွာ သူ့ကိုဘယ္ႏွယ့္ေခၚလဲ ေျပာတတ္ပါဘူးဗ်ာ.. က်ဳပ္တို ့သူ ့ကို အစာေကြၽးတိုင္က် မီးမီး မီးမီး လို ့ေခၚတာ မသိဘူးဗ် .. ဘယ္ဗ်ာ အရင္ေကာင္ေတြမ်ား အဲလိုေခၚရင္ေျပးလာတာဗ်.. နဲနဲ တံုးတယ္ေပါ့... တညင္ကေခၚလာတဲ့ ေတာသားေလးမို့လို ့လားမသိ တံုးတယ္ေပါ့..... ေနာက္ရွိေသးတယ္ဗ် ဒီေကာင္ေလးက သူ ့ကိုသြားကိုင္ရင္မႀကိဳက္ဘူး ကိုက္လားကိုက္ရဲ့ ကုပ္လားကုပ္ရဲ့....ေနာက္ေတာ့ အထာသိသြားေတာ့ သူ့ကိုမကုိင္ေတာ့ဘူးဗ်ုိဳ့..... ဒါေပမယ့္စိတ္ထဲမေတာ့ ေကာင္ေလးကို နဲနဲ ထရိန္နင္ေပးမယ္ေပါ့... ဟားရတာေပါ့ဗ်က်ဳပ္တို ့ေမြးလားတာ အေကာင္ ၂၀ မကဘူး အဟုတ္ေျပာတာ...
ဒီေကာင္က ငါးေျခာက္ေတြစားလို ့လားမသိ ေရေတာ့ အလြန္ေသာက္တာဂလားဖလားအေဟာင္းတလံုးနဲ့ ေရမ်ားအျပည့္ထဲ့ေပး ထားလိုက္အိုေသာက္လိုက္တာေျပာမေနပါနဲ့ ေတာ့ .. တခါတခါေရေသာက္ရင္ငါးမိနစ္ေလာက္ၾကာတယ္... ထမင္းဆိုလည္းနင္းကန္စား.... ဟားေရာက္ၿပီး ၃လေလာက္ပဲၾကာတယ္.. ၀တုတ္ကိုၿပဲလို ့ မသိရင္ ၁ႏွစ္ခြဲသားေလာက္ရွိတယ္...
အမယ္ မဲလံုးေတြ ကသိဒယ္ဗ်ိဳ ့က်ဳပ္ေကာင္ေလးေရာက္ရံုရွိေသးအသံေတြကို တိတ္လို ့.. အၿမီးေတာင္မျမင္ရေတာ့ဘူး..ေမြးရက်ိဳးနပ္တယ္ေပါ့ဗ်ာ..... ဗ်ာ ခ်ီးတို ့ေသးတို ့ဟုတ္စ .. ဟာဗ်ာက်ဳပ္တို ့နဲနဲေတာ့ သင္ေပးရတာေပါ့.. ၿခံထဲ ေျမႀကီးေပၚသြားတတ္ေအာင္လုပ္ေပးလိုက္တာေပါ့ .. ၾကည့္ရတာ သူအရင္ေနတဲ့ ေနရာကလဲေျမႀကီးရွိထင္ပါ့.. သိပ္မသင္လိုက္ရပါဘူး သူ ့ဟာသူၿခံထဲပဲသြားတာပါပဲ... ေျပာရဦးမယ္ က်ဳပ္တို ့က သူ ့ကို ညတိုင္က်မီးဖိုခန္းထဲမွာ သိပ္တာဗ် ..မဲလံုးက အဲဒီမွာ ေသာင္းက်န္းတာကိုးဗ်..အဲဒီေတာ့ ည တရုတ္ကားၿပီးတာနဲ ့ ေကာင္ေလးကို ဖမ္းၿပီး မီးဖိုခန္းပို့လိုက္တာပဲ.. မီးဖိုခန္းအခင္းက သံမံတလင္းဆိုေတာ့ ခံုေလးပုဆိုးစုတ္ေလးထားေပးရတယ္ဗ်ာ ေတာ္ေတာ္ၾကာ ေနမေကာင္းျဖစ္မ်ာစိုးလို ..ေနာက္အေမက ေကာင္ေလးကို သနားတာနဲ ့ ေၾကာင္အိမ္ကို ဖြင့္ၿပီး ငါးေျခာက္အပိုင္းေလာက္ခ်ခ်ေကြၽးတယ္.. ေနာက္ဆိုဗ်ာ တရုတ္ကားၿပီးေတာ့. လူေတြေနာက္ေဖး၀င္သြားတာနဲ့ သူလဲေနာက္ေဖးလိုက္၀င္ၿပီး ေၾကာင္အိမ္ေရွ့ထိုင္ေစာင့္ေနေတာ့တာပဲ.. အင္းမေအာ္ဘူးဗ်.. လူဆိုရင္ေတာ့.စကားနည္းတယ္ေခၚမလား ေျပာတတ္ပါဘူးဗ်ာ... အဟုတ္ဗ် ဒီေကာင္က သိပ္မေအာ္ဘူးဗ်..လူေတြထမင္းစားခ်ိန္ဆိုလဲ စားပြဲေအာက္ ျမင္သာတ ဲ့ေနရာေလးကေန ထုိင္ၿပီးေတာ့... ေမာ့ေနေတာ့တာပဲ...
ေၾသာ္ ဟုတ္ပဗ်ိဳ ့ေမ့ေတာ့မလို ့.. ခင္ဗ်ားေမးမွသတိရတယ္...ေရာက္စတုန္းကဆို ဘယ္လို နာမည္ေပးေကာင္းမလဲ ဆိုၿပီးနာမည္ေရြးၾကတာေပါ့....ေျပာရဦးမယ္ အိမ္မွာ ေနာက္ဆံုးသုတ္အေကာင္ေတြတုန္းကဆို ဂ်ပန္နာမည္ေတြခ်ည္းေပးတာကိုး.. ေပးခဲ႔ တာကိုး အဲေတာ့ ဒီေကာင္ေလးကိုလဲ ဂ်ပန္လို ေပးမယ္လို ့စဥ္းစားေတာ့.. ဟိုးတုန္းက ျမ၀တီမွာ လာတဲ့ ဂ်ပန္ကာတြန္းေလ.. ေကာင္မေလးက စုန္းမ်ိဳးဆိုေတာ့ ၁၂ ႏွစ္မွာ တံျမက္စည္းနဲ့ ေၾကာင္နက္ေလးတေကာင္နဲ ့ခရီးထြက္ရတဲ့ ကာတြန္းထဲကေၾကာင္နက္ကေလးရဲ ့နာမည္ ဂ်ိဂ်ိ ကို သေဘာက်လို ့.. က်ုဳပ္ေကာင္ေလးကို ဂ်ိဂ်ိ လို ့ေပးထားတာေပါ့....
ဟားဟား က်ဳပ္ဆီလာလည္တဲ့ က်ဳပ္သူငယ္ခ်င္းေတြဆို ဂ်ိဂ်ိိ ကိုအရင္ေကာင္ေလးေတြလို ေအာက္ေမ့လို ့သြားကိုင္တာ..အကုပ္ခံရေရာလားဗ်ိဳ ့.... ခင္ဗ်ားေတာင္အကုပ္ခံရေသးမဟုတ္လား... အမယ္ အခုဒီေကာင္က နဲနဲ လိမ္မာသြားၿပီသိပ္မကုပ္ေတာ့ဘူး ကိုင္လို့ ပြတ္လို ့ သပ္လို ့ရၿပီဗ် ၊ ပိုၿပီးယဥ္လာတယ္ပဲေျပာပါေတာ့...
အင္း ထံုးစံအတုိုင္းေပါ့ဗ်ာ ဒီေကာင္ေတြ အမ်ိဳးက ဘယ္ေလာက္ ဗိုက္၀ေအာင္စားစားလူ ၁၀ ခါစား သူတို ့လဲ ၁၀ ခါစားခ်င္ဗ် သိလား.. က်ဳပ္ေကာင္ေလး ဂ်ိဂ်ိ ကေတာ့ဗ်ိဳ ့အစံုစားဗ်.. ထန္းလွ်က္လည္း စားလိုက္တာပဲ.. ငါးေျခာက္မ်ားဆိုဘယ္ေလာက္စားစား မုန္းမယ့္ပံုမရွိဗ် သိလား.. က်ဳပ္တို ့မနက္ ေပါင္မုန့္ေတြဘာေတြစားလို ့ခ်ေကြၽးလည္း စားလိုက္တာပဲ... ခင္ဗ်ာၾကက္ဥမေရြးစားဘူးလား.. ခပ္ေပ်ာ့ေပ်ာ့နဲ့ မေရြးေလ.. ေအးဒီေကာင္ဒါလဲစားတာပဲ.. မုန္ ့ထဲမွာေတာ့ .. စာကေလးခ်ီးေလဗ်ာ ခင္ဗ်ားတို့ဘက္ကေတာ့ စာကေလးေခြေခၚမလား ဘဲ .. အဲဒါဆို သိပ္ႀကိဳက္ဗ်.. အဲဒီ စာကေလးခ်ီးထည္ ့ထားတဲ ့ပလပ္စတစ္အိိတ္သ ံ ဂြၽတ္ဂြၽတ္ လို ့ ျမည္ေအာင္လုပ္လုိက္ အငန္းမရ ဗ်ာ ျဖစ္ပ်က္ေနေတာ့တာဗ် .
ေအး ပလပ္စတစ္အိတ္သံလည္း ခြဲမွတ္ထားတာဗ် တျခားပလပ္စတစ္အိတ္သံ ဆို သိတယ္ဗ် ဘာမွမျဖစ္ဘူး.. ေနာက္တခုက ေတာင္ႀကီးပဲေလွာ္ဗ် ပထမေတာ့ လူက ေတာင္ႀကီးပဲေလွာ္ အသားစား ဂ်ိဂ်ိ ကိုအခြံေကြၽးေတာ့ စားေသးဗ်ိဳ ့၊ ေနာက္ေတာ့ ဂ်ိဂ်ိေလး သနားပါတယ္ လူေတြက်ေတာ့အသားစားၿပီးသူ ့က်မွ အခြံ ေတြစားရတယ္လို ့ ဆိုၿပီး အသားခ်ေကြၽးလိုက္တာ၊ ေနာင္ဘယ္ေတာ့မွ ေတာင္ႀကီးပဲေလွာ္ အခြံမစားေတာ့ဘူးဗ်ိဳ ့...အသားမွစားေတာ့တယ္...
ဗ်ာ မေမာေသးဘူး ဟုတ္စ.. က်ဳပ္ေျပာသားပဲ မေမာပါဘူးလို ့..ခင္ဗ်ားနားေထာင္တာ နားညည္းေနၿပီလား ေအးဗ်ာ က်ဳပ္တို ့ မိသားစု ကေတာ့ခ်စ္တာကိုးဗ်.. ကိုယ္ခ်စ္တဲ့သူအေၾကာင္းေျပာတာေတာ့.. ဘယ္ေမာပါ့မလဲ.. ခင္ဗ်ားက ရီတယ္ဟုတ္စ... ဒီလို ဗ် သူတို ့ေလးေတြကို ခ်စ္တဲ့ အခ်စ္ကလံုး၀သန္ ့တယ္ဗ်... အျဖဴေရာင္စစ္စစ္ဗ်.. ဘာ.. မပိုပါဘူးဗ်... သူတို့အေပၚ ကေနဘာမွ ျပန္မေမွ်ာ္လင့္ဘဲ ခ်စ္တာဗ် သူတို ့ျပန္မခ်စ္လဲ ဘာျဖစ္လဲ၊က်ဳပ္တို ့က မစ္တာမပ်က္ဘာဘူးဗ်... က်ဳပ္တို ့အတြက္အေဖၚေပါ့ဗ်ာ...
ခင္ဗ်ားေျပာလို ့ေျပာရဦးမယ္.. က်ဳပ္အေဖနဲ ့အေမက ၂လျခားၿပီးပင္စင္ယူသြားၾကတယ္.. ေၾသာ္ခင္ဗ်ားမသိေသးဘူးလား.. ေအးေအး သူတို့အိမ္မွာေနေတာ့ ပ်င္းေနၾကတာေပါ့ဗ်ာ.. က်ဳပ္တို ့ကလဲ အလုပ္သြားခ်ိန္ဆိုေတာ့အိမ္မွာမရွိ အဲေတာ့ အေဖနဲ ့အေမ က ဘုရားေလးရွိခို း လိုက္စာေလးဖတ္လိုက္ က်န္တဲ့အခ်ိန္ဆို ဂ်ိဂ်ိေလးကို အေဖၚလုပ္ဂရုစိုက္လိုက္ေပါ့.. ေဟာ ခင္ဗ်ာ ရီျပန္ၿပီ.. ဟုတ္တယ္ေလ လူဆိုတာ စာဖတ္ေန တရားမွတ္ ဘယ္ အခ်ိန္ျပည္ ့လုပ္ႏိုင္ဦးမလဲဗ်.. အဲေတာ့က်ဳပ္ေကာင္ေလးကို ပဲ ဂရုစုိက္ရင္းနဲ ့ အေဖၚလုပ္ရတာဗ်..
ဗ်ာ .. ဘာေၾကာင္ ့ဒီမွာေျပာတာလဲ ဟုတ္စ ခင္ဗ်ား စဥ္းစားၾကည့္ေလး အခ်စ္ႏွင့္ခ်စ္ခင္မွဳ ဆိုတာနဲ ့ပတ္သက္မွဳ ရွိပါတယ္ဗ်... သူတို ့ေလးေတြကိုခ်စ္တာလဲ အခ်စ္မဟုတ္ဘူးလား .. က်ဳပ္ေကာင္မေလးကို ခ်စ္တာက တမ်ိဳး၊ က်ဳပ္မိဘေတြကိုခ်စ္တာကလဲ တမ်ိဳး.. က်ဳပ္သူငယ္ခ်င္းေတြကိုသံေယာဇဥ္ရွိတာက တမ်ိဳး .. ဒီေကာင္ေလးကို ခ်စ္တာ သံေယာဇဥ္ရွိတာနဲ့က် တမ်ိဳးစီေပါ့ဗ်ာ ။။ ဒါလဲ အခ်စ္ နဲ ့ ခ်စ္ခင္မွဳမဟုတ္လား.. ဒါေၾကာင့္ဒီမွာေျပာတာဗ် .. ခင္ဗ်ား သေဘာမတူလဲ မတတ္ႏိုင္ဘူးဗ်ာ....
ေနာက္ေတာ့ သူ ့ကို ခ်စ္စႏိုးနဲ့ နာမည္ေတြေပးလိုက္တာမွ စံုေနတာပါပဲ နာမည္ ေလး ငါးမ်ိဳးေလာက္ ရွိမလား မဆိုႏိုင္ဘူး။ တခါက်ေတာ့ ေဇာ္၀င္းထြဋ္ ရဲ႔ ခ်စ္သည္းဦး ဗီစီဒီ ၾကည့္ရင္း ဂ်ိဂ်ိကို ခ်စ္သည္းဦးလို ့ ေခၚျဖစ္သြားတယ္။ ခ်စ္သည္းဦး ေလး ခ်စ္သည္းဦး ၾကီးနဲ့ ေခၚလို ့ ေကာင္းလို ့ တအိမ္လံုး ေခၚလိုက္ၾကတာပါပဲဗ်ာ။
ေမးရဦးမယ္.... က်ဳပ္ကေတာ့ေျပာၿပီးသြားၿပီ... ခင္ဗ်ားမွာလဲ အဲလို ခ်စ္ခင္ရတဲ ့ pet အေၾကာင္းေလးရွိရင္ေျပာစမ္းပါဦးဗ်..က်ဳပ္က နားေထာင္ေပးမွာေပါ့ဗ် ...... ေျပာစမ္းပါဗ်... ကဲေရေႏြးေလးေတာ့အရင္ေသာက္ဦးမွဗ်..
ကဲ..... စာပြဲထိုးေလးေရ ေရေႏြးပူပူေလး တအိုးခ်စမ္းပါဦးကြ.....
အမွတ္တရမ်ားစြာျဖင့္ က်ေနာ့္ရဲ ့ဂ်ိ
တကယ္ေတာ့ ဂ်ိဟာ သာမန္ေၾကာင္တေကာင္ပါပဲ။
သူမ်ားေတြ အတြက္ေတာ့ သာမန္ ေၾကာင္ေလးတေကာင္ ျဖစ္ေပမယ့္။
က်ေနာ္တို ့ မိသားစု အတြက္ကေတာ့ ဂ်ိဟာ မိသားစု၀င္တဦးပါပဲ။
ခ်စ္သည္းဦးလို ့ က်ေနာ္က ခ်စ္လြန္းလို ့ ေခၚတဲ့ ဂ်ိမွာ ခ်စ္စႏိုးေခၚတဲ့
နာမည္ေတြ မ်ားမွမ်ားပါပဲ။ အညိဳေဖ်ာ့ေရာင္ ေၾကာင္ထီးေလး ေကာင္ျဖစ္တဲ့
ဂ်ိဟာ တကယ္ေတာ့ က်ေနာ္ တို ့ ဘ၀ က်ေနာ္တို ့မိသားစုမွာ အၾကာဆံုး
ေနသြားခဲ့တဲ့ ေၾကာင္ေလးတေကာင္ပါပဲ။ ၂၀၀၁ ခုႏွစ္ ႏို၀င္ဘာမွာ
အိမ္ကို ေက်ာက္တန္းနားက ထမလံုရြာကေန ေရာက္လာခဲ့တာပါ။
အေမကိုယ္တိုင္ ျခင္းေတာင္းေလးနဲ့ ထည့္ေခၚလာတဲ့ ေကာင္ေလးပါ။
အဲ့ဒီည က်ေနာ္တို ့ ရံုးကျပန္လာေတာ့ ဘုရားခန္းထဲမွာ သူသိပ္ႀကိဳက္တဲ့
ငါးေျခာက္ စားေနတဲ့ ဂ်ိ ကို ခုထိ က်ေနာ္မ်က္လံုးထဲမွာ ျမင္ေယာင္ေနဆဲပါပဲ။
မေန ့တေန ့ကလို ပါပဲ။
၆ ႏွစ္ဆိုတာ ဂ်ိ တို ့အဖို ့ အေတာ္အသက္ရေနၿပီလို ့ ဆိုႏိုင္ေသးေပမယ့္။
သူမ်ားေတြ က ၁၆ ႏွစ္ ၁၇ ႏွစ္ေမြးထားၾကတယ္ဆိုေတာ့ ဂ်ိကိုလည္း တရံတခါ
အဲ့ဒီ ေလာက္အသက္ရွည္ေစခ်င္တယ္ ဆိုရင္အဲဒါ က်ေနာ္တို ့ရဲ မတရားတဲ့
အတ္တ တခုျဖစ္ေနမွာေပါ့။ သံေယာဇဥ္ဆိုတာ ေႏွာင္ဖြဲ႔တတ္တဲ့သေဘာရွိေတာ့
ၾကာလာေတာ့လည္း က်ေနာ္တို ့ရဲ ့သံေယာဇဥ္ေတြကို ဂ်ိကပဲ ေႏွာင္ဖြဲ ့ေလသလား
က်ေနာ္တို ့ရဲ ့ အတ္တေတြ ကပဲ ေႏွာင္ဖြဲ ့ေလသလား ဆိုတာ ေတြးမိပါတယ္။
သိပ္မၾကာခင္ ဂ်ိကို ျပန္ဆံုေတြ ဖို ့ ေမွ်ာ္လင့္ထားေတာ့ က်ေနာ္ ပိုခံစားရပါတယ္။
ဂ်ိအိမ္ကေန ထြက္သြားၿပီး ျပန္မလာတာ ၾကာၿပီလို ့ အိမ္ကေျပာေတာ့။ စိတ္ထဲမွာ
ထင့္ခနဲ့ ဒီတသက္ဂ်ိကို ျပန္မွ ေတြ ့ပါ့ေတာ့မလား ေတြးမိတာ မွန္ေနၿပီ ထင္ပါရဲ ့။
ခုဆို သံုးပါတ္ထဲေရာက္ေနၿပီ ခါတိုင္း ၇ ရက္ေလာက္ဆို ျပန္လာတတ္တဲ့ ဂ်ိကို
အလွဴအတန္း အမွ်ေ၀ေပးပါလို ့ေတာ့ အိမ္ကို ေျပာထားလိုက္တယ္။
ေပ်ာက္သြားတယ္ဆိုေတာ့ လည္း တခ်ိန္ျပန္ရင္လည္း လာႏိုင္ေသးတာပဲလို ့ေတာ့
စိတ္ေျဖႏိုင္ေသးေပမယ့္။ တကယ္ အျဖစ္မွန္ကို လက္ခံထားတာ အေကာင္းဆံုးပါပဲ။
ျပန္လာမယ္ ဆိုရင္ေတာ့ ေကာင္းတာေပါ့။ အေမ တို ့ကေတာ့ ဒီေကာင္ႀကီး
ျပန္မလာေတာ့ဘူး အျခားမွာ ေကာင္းစားေနမွာေပါ့ သားရယ္လုိ ့ေတာ့ ေျပာေပးရွာပါတယ္။
အဲ့သေလာက္ သံေယာဇဥ္ဆိုတာ မထားခဲ့ဖုိ့ ေကာင္းေပမယ့္ ။ ဂ်ိကို မခ်စ္ဘဲ
သံေယာဇဥ္မျဖစ္ဘဲမွ မေနႏိုင္ခဲ့ပဲကိုးး။ ဆုေတာင္းတိုင္းသာ ျပည့္မယ္ဆိုရင္
ဂ်ိကို တခါတေခါက္ေလာက္ ျပန္ေတြ ့ခ်င္ပါေသးတယ္။
ဒါေပမယ့္လည္း ႏို၀င္ဘာ(2001)မွာပဲ ေရာက္လာၿပီး ႏို၀င္ဘာ (2007) မွာပဲ ျပန္လည္ထြက္ခြာသြားတဲ့
ဂ်ိ သူ ့ကို ရည္စူးၿပီး ဒီတပါတ္ထဲေလာက္မွာ အလွဴလုပ္ျဖစ္လိမ့္မယ္ထင္ပါတယ္
သံုးပါတ္ေက်ာ္ၿပီဆိုေတာ့လည္း အလွဴတခုခုလုပ္ေပးသင့္ၿပီလို ့ထင္ပါတယ္....