ချစ်သည်းဦး (သို ့မဟုတ်) ဂျိဂျိ

. Sunday, May 6, 2012
  • Agregar a Technorati
  • Agregar a Del.icio.us
  • Agregar a DiggIt!
  • Agregar a Yahoo!
  • Agregar a Google
  • Agregar a Meneame
  • Agregar a Furl
  • Agregar a Reddit
  • Agregar a Magnolia
  • Agregar a Blinklist
  • Agregar a Blogmarks

ချစ်သည်းဦး (သို ့မဟုတ်) ဂျိဂျိ

(unicode version)

ဟေ့လူ၊ ခင်ဗျားအားတယ်မဟုတ်လား

လာဗျာထိုင်စမ်းပါဦး ကျုပ်တစ်ယောက်ထဲ ပျင်းနေတာဗျ၊ ရော့ဗျာ ရေနွေးကြမ်းသောက်ဦး... ခင်ဗျားဘာစားဦးမလဲ ၊ ဒီဆိုင်က ပဲပလာတာ ကောင်းတယ်ဗျ။ ဗျာ စားပြီးပြီဟုတ်စ ၊ ကဲဒါဆို ဆေးလိပ်လေးတော ့သောက်ဗျာ၊ ကောင်လေးရေ လန်ဒန်တပွဲချကွာ......

ဗျာ ကျုပ်ကောင်လေးလား .. ဟား အတော်ထွားနေပြီဗျ ၊ကျုပ်က ကျုပ်ကောင်လေးကြောင်း ပြောရရင်မောဒယ် မရှိပါဘူးဗျာ.. ခုလဲအားနေတာနဲ့ ခင်ဗျားကို အစအဆုံး ပြောမယ်ဗျာ။ လန်ဒန်တပွဲလုံးကုန်အောင်သောက်ဗျာ.. ပြီးအောင်တော့ နားထောင်မယ် မဟုတ်လား....

ဒီလိုဗျ ကျုပ်တို ့မြို.သစ်က အိမ်ကိုပြောင်းတော့ အိမ်သစ် မဟုတ်လား ဘာမှမရှိဘူးဗျ ၊ အရင်အိမ်မှာတုန်းကဆို ကျုပ်ကောင်လေးလို အများကြီးပေါ့ဗျာ.. ဒါပေမယ့် ခင်ဗျားသိတယ်မဟုတ်လား အပြောင်းအရွေ.ဆိုတော့.. သူတို့လည်း ထွက်သွားကြတယ်...

ဒီလိုနဲ့ဗျာ အိမ်သစ်မှာနေလို ့တနှစ်လောက်လဲကြာရောဗျို ့ မဲလုံးတွေသောင်းကျန်းပါလေရော.. ဘယ်လိုမှ နှိမ်းနင်းလို ့မရဘူးဗျို့၊ ဒါနဲ့ကျုပ်အမေကို ပြောရတယ် အမေ့ကျောင်းမှာ ရှာကြည့်ပါလားလို့.. ပြောရဦးမယ် ကျုပ်အမေက ဆရာမမို ့လား တပည့်တပန်းက တယ်ပေါတာကိုး.. ဒါနဲ့ ကျုပ်အမေလဲ သူ့ကျောင်းမှာ စကားစပ် ရင်းနဲ ့ ပြောလိုက်တာ ကျောင်းသူတဦးရဲ့ အသိတယောက်က ပေးမယ်ဆိုကိုးဗျ ၊ ကျုပ်တို ့မလဲ အတွေ ့အကြုံက ၁၃နှစ်ထက်မနည်း တော့ .. အမဆိုရင်မယူဘူးလို ့ပြောတာကိုး.. ဒါနဲ့အထီးလေးတကောင် ရရောဆိုပါတော့.... အမေ့ကျောင်း ကထမလုံရွာအကျော်က လေ ခင်ဗျားရောက်ဘူးမလား မဆိုနိုင်ဘူး.... ဟုတ်ပ ဟုတ်ပ ဝေးတော့ ကျောင်းကား ဖယ်ရီ တွေလည်းရှိပေါ့...

ဒါနဲ့ ဆိုကြပါစို့ ရဲ ့ ကောင်လေးကို ခြင်းတောင်းလေးထဲ ထည့်လို့ကျုပ်အမေက ခေါ်လာရောဗျ။ ကျုပ်အမေခမျာ ကောင်လေးကို သနားလို ့တဲ့အဲဒီနေ့က ဖယ်ရီစောင့်ရင်နောက်ကျမှာစို းလို ့လိုင်းကားနဲ့တောင်ပြန်လာတယ်...

ကျုပ်တို ့ညနေ အလုပ်ကပြန်ရောက်တော့ အိမ်ရှေ့တံခါးမကြီးက ပိတ်လို့ဗျို ့၊ ကျုပ်ကထူးဆန်းဒယ် ပေါ့ ဒီနေ ့... အိမ်ထဲ ရောက်တော့ အမေကဆီးပြောဒယ် ခေါ်လာပြီ။ နင်တို ့မှာတဲ့အတိုင်း အထီးလေးတဲ့.... ဒါပေမယ့်အရောင်ကတော့ အဝါလေးမဟုတ်ဘူးတဲ့ အညိုကျားလေးတဲ့...။ကျုပ်ကသိပ်ပြီးကြည့်ချင်တာပေါ့.. ကိုယ်ဆီရောက်လာမယ့်ကောင်လေးမဟုတ်လား.. ဒါနဲ့ဘယ်မှာလဲပေါ့.. ဘုရားခန်းအောက်မှာတဲ့.. အမယ်ဒီကောင်က သိပ်မစိမ်းဘူး အစာတွေဘာတွေ ထွက်စားလို ့တဲ့...

ကျုပ်က ဘုရားခန်းထဲ ၀င်ကြည့်တော့... လားလား အညိုကျားလေးဗျမျက်လုံးလေးကို ပြူးလို ့ ကျုပ်ကို ကြည့်နေတာ... အမယ် မျက်လုံးမျက်ဖန်ကစိမ်းတောက်နေတာဗျ .. ကိုင်ကြည့်တော့ အကိုင်ခံတယ်ဗျ။ အိုဗျာအခြားကောင်တွေဆို ဒီနေ့ခေါ်လာ ဘယ်ဒီနေ့ သွားကိုင်လို ့ရမလဲ ခင်ဗျားကိုကုပ်လိုက်မှာပေါ့.... ဒါပေမယ် ့ကျုပ်ကောင်လေးက ကြီးနေပြီဗျ ..ကျုပ်ကတောင် အမေ့ကို ပြောလိုက်သေးတယ်.. အမေကလဲ ဘာလို ့အကြီးကြီးခေါ်လာတာလဲ..ကျုပ်မျက်စိထဲမှာတော့ ဒီကောင်က၉လသားအရွယ်လောက်ရှိပြီဗျ.... အမေက ဟဲ့ အဲဒါ၆လတောင်မပြည့်သေးဘူးတဲ့ သူတို ့အမျိုးက ထွားတယ်လို ့ပေးလိုက်တဲ့ ငါ့တပည့်လေးကပြောတယ်တဲ့....

ရောက်စတော့ ကောင်လေးက တအားစားတယ်ဗျ ကျုပ်တို့မလဲစိမ်းနေမှာစိုးတာရယ် နေရာသစ်ရောက်တော့ကြောက်နေရှာမဟဲဆိုပြီး စားဖို ့ဝယ်ထားတဲ့ အာပြဲချောက်တွေချကျွေးတော့... ဟာဗျာ စားလိုက်တဲ့ဖြစ်ခြင်း... နောက်တော့ရင်းနှီးလာတာပေါ့ .. တပတ်လောက်လဲ ကြာရောဗျို ့ ခြံပေါက်ကျနေတာပဲအပြင်တွေဘာတွေထွက်လို ...

ထူးဆန်းတာလေးတွေပြောရဦးမယ်ဗျ .. အရင်အိမ်မှာ သူ့ကိုဘယ်နှယ့်ခေါ်လဲ ပြောတတ်ပါဘူးဗျာ.. ကျုပ်တို ့သူ ့ကို အစာကျွေးတိုင်ကျ မီးမီး မီးမီး လို ့ခေါ်တာ မသိဘူးဗျ .. ဘယ်ဗျာ အရင်ကောင်တွေများ အဲလိုခေါ်ရင်ပြေးလာတာဗျ.. နဲနဲ တုံးတယ်ပေါ့... တညင်ကခေါ်လာတဲ့ တောသားလေးမို့လို ့လားမသိ တုံးတယ်ပေါ့..... နောက်ရှိသေးတယ်ဗျ ဒီကောင်လေးက သူ ့ကိုသွားကိုင်ရင်မကြိုက်ဘူး ကိုက်လားကိုက်ရဲ့ ကုပ်လားကုပ်ရဲ့....နောက်တော့ အထာသိသွားတော့ သူ့ကိုမကိုင်တော့ဘူးဗျိုု့..... ဒါပေမယ့်စိတ်ထဲမတော့ ကောင်လေးကို နဲနဲ ထရိန်နင်ပေးမယ်ပေါ့... ဟားရတာပေါ့ဗျကျုပ်တို ့မွေးလားတာ အကောင် ၂၀ မကဘူး အဟုတ်ပြောတာ...

ဒီကောင်က ငါးခြောက်တွေစားလို ့လားမသိ ရေတော့ အလွန်သောက်တာဂလားဖလားအဟောင်းတလုံးနဲ့ ရေများအပြည့်ထဲ့ပေး ထားလိုက်အိုသောက်လိုက်တာပြောမနေပါနဲ့ တော့ .. တခါတခါရေသောက်ရင်ငါးမိနစ်လောက်ကြာတယ်... ထမင်းဆိုလည်းနင်းကန်စား.... ဟားရောက်ပြီး ၃လလောက်ပဲကြာတယ်.. ၀တုတ်ကိုပြဲလို ့ မသိရင် ၁နှစ်ခွဲသားလောက်ရှိတယ်...

အမယ် မဲလုံးတွေ ကသိဒယ်ဗျို ့ကျုပ်ကောင်လေးရောက်ရုံရှိသေးအသံတွေကို တိတ်လို ့.. အမြီးတောင်မမြင်ရတော့ဘူး..မွေးရကျိုးနပ်တယ်ပေါ့ဗျာ..... ဗျာ ချီးတို ့သေးတို ့ဟုတ်စ .. ဟာဗျာကျုပ်တို ့နဲနဲတော့ သင်ပေးရတာပေါ့.. ခြံထဲ မြေကြီးပေါ်သွားတတ်အောင်လုပ်ပေးလိုက်တာပေါ့ .. ကြည့်ရတာ သူအရင်နေတဲ့ နေရာကလဲမြေကြီးရှိထင်ပါ့.. သိပ်မသင်လိုက်ရပါဘူး သူ ့ဟာသူခြံထဲပဲသွားတာပါပဲ... ပြောရဦးမယ် ကျုပ်တို ့က သူ ့ကို ညတိုင်ကျမီးဖိုခန်းထဲမှာ သိပ်တာဗျ ..မဲလုံးက အဲဒီမှာ သောင်းကျန်းတာကိုးဗျ..အဲဒီတော့ ည တရုတ်ကားပြီးတာနဲ ့ ကောင်လေးကို ဖမ်းပြီး မီးဖိုခန်းပို့လိုက်တာပဲ.. မီးဖိုခန်းအခင်းက သံမံတလင်းဆိုတော့ ခုံလေးပုဆိုးစုတ်လေးထားပေးရတယ်ဗျာ တော်တော်ကြာ နေမကောင်းဖြစ်မျာစိုးလို ..နောက်အမေက ကောင်လေးကို သနားတာနဲ ့ ကြောင်အိမ်ကို ဖွင့်ပြီး ငါးခြောက်အပိုင်းလောက်ချချကျွေးတယ်.. နောက်ဆိုဗျာ တရုတ်ကားပြီးတော့. လူတွေနောက်ဖေးဝင်သွားတာနဲ့ သူလဲနောက်ဖေးလိုက်ဝင်ပြီး ကြောင်အိမ်ရှေ့ထိုင်စောင့်နေတော့တာပဲ.. အင်းမအော်ဘူးဗျ.. လူဆိုရင်တော့.စကားနည်းတယ်ခေါ်မလား ပြောတတ်ပါဘူးဗျာ... အဟုတ်ဗျ ဒီကောင်က သိပ်မအော်ဘူးဗျ..လူတွေထမင်းစားချိန်ဆိုလဲ စားပွဲအောက် မြင်သာတ ဲ့နေရာလေးကနေ ထိုင်ပြီးတော့... မော့နေတော့တာပဲ...

သြော် ဟုတ်ပဗျို ့မေ့တော့မလို ့.. ခင်ဗျားမေးမှသတိရတယ်...ရောက်စတုန်းကဆို ဘယ်လို နာမည်ပေးကောင်းမလဲ ဆိုပြီးနာမည်ရွေးကြတာပေါ့....ပြောရဦးမယ် အိမ်မှာ နောက်ဆုံးသုတ်အကောင်တွေတုန်းကဆို ဂျပန်နာမည်တွေချည်းပေးတာကိုး.. ပေးခဲ့ တာကိုး အဲတော့ ဒီကောင်လေးကိုလဲ ဂျပန်လို ပေးမယ်လို ့စဉ်းစားတော့.. ဟိုးတုန်းက မြဝတီမှာ လာတဲ့ ဂျပန်ကာတွန်းလေ.. ကောင်မလေးက စုန်းမျိုးဆိုတော့ ၁၂ နှစ်မှာ တံမြက်စည်းနဲ့ ကြောင်နက်လေးတကောင်နဲ ့ခရီးထွက်ရတဲ့ ကာတွန်းထဲကကြောင်နက်ကလေးရဲ ့နာမည် ဂျိဂျိ ကို သဘောကျလို ့.. ကျုုပ်ကောင်လေးကို ဂျိဂျိ လို ့ပေးထားတာပေါ့....

ဟားဟား ကျုပ်ဆီလာလည်တဲ့ ကျုပ်သူငယ်ချင်းတွေဆို ဂျိဂျိိ ကိုအရင်ကောင်လေးတွေလို အောက်မေ့လို ့သွားကိုင်တာ..အကုပ်ခံရရောလားဗျို ့.... ခင်ဗျားတောင်အကုပ်ခံရသေးမဟုတ်လား... အမယ် အခုဒီကောင်က နဲနဲ လိမ်မာသွားပြီသိပ်မကုပ်တော့ဘူး ကိုင်လို့ ပွတ်လို ့ သပ်လို ့ရပြီဗျ ၊ ပိုပြီးယဉ်လာတယ်ပဲပြောပါတော့...

အင်း ထုံးစံအတိုုင်းပေါ့ဗျာ ဒီကောင်တွေ အမျိုးက ဘယ်လောက် ဗိုက်ဝအောင်စားစားလူ ၁၀ ခါစား သူတို ့လဲ ၁၀ ခါစားချင်ဗျ သိလား.. ကျုပ်ကောင်လေး ဂျိဂျိ ကတော့ဗျို ့အစုံစားဗျ.. ထန်းလျှက်လည်း စားလိုက်တာပဲ.. ငါးခြောက်များဆိုဘယ်လောက်စားစား မုန်းမယ့်ပုံမရှိဗျ သိလား.. ကျုပ်တို ့မနက် ပေါင်မုန့်တွေဘာတွေစားလို ့ချကျွေးလည်း စားလိုက်တာပဲ... ခင်ဗျာကြက်ဥမရွေးစားဘူးလား.. ခပ်ပျော့ပျော့နဲ့ မရွေးလေ.. အေးဒီကောင်ဒါလဲစားတာပဲ.. မုန် ့ထဲမှာတော့ .. စာကလေးချီးလေဗျာ ခင်ဗျားတို့ဘက်ကတော့ စာကလေးခွေခေါ်မလား ဘဲ .. အဲဒါဆို သိပ်ကြိုက်ဗျ.. အဲဒီ စာကလေးချီးထည် ့ထားတဲ ့ပလပ်စတစ်အိိတ်သ ံ ဂျွတ်ဂျွတ် လို ့ မြည်အောင်လုပ်လိုက် အငန်းမရ ဗျာ ဖြစ်ပျက်နေတော့တာဗျ . အေး ပလပ်စတစ်အိတ်သံလည်း ခွဲမှတ်ထားတာဗျ တခြားပလပ်စတစ်အိတ်သံ ဆို သိတယ်ဗျ ဘာမှမဖြစ်ဘူး.. နောက်တခုက တောင်ကြီးပဲလှော်ဗျ ပထမတော့ လူက တောင်ကြီးပဲလှော် အသားစား ဂျိဂျိ ကိုအခွံကျွေးတော့ စားသေးဗျို ့၊ နောက်တော့ ဂျိဂျိလေး သနားပါတယ် လူတွေကျတော့အသားစားပြီးသူ ့ကျမှ အခွံ တွေစားရတယ်လို ့ ဆိုပြီး အသားချကျွေးလိုက်တာ၊ နောင်ဘယ်တော့မှ တောင်ကြီးပဲလှော် အခွံမစားတော့ဘူးဗျို ့...အသားမှစားတော့တယ်...

ဗျာ မမောသေးဘူး ဟုတ်စ.. ကျုပ်ပြောသားပဲ မမောပါဘူးလို ့..ခင်ဗျားနားထောင်တာ နားညည်းနေပြီလား အေးဗျာ ကျုပ်တို ့ မိသားစု ကတော့ချစ်တာကိုးဗျ.. ကိုယ်ချစ်တဲ့သူအကြောင်းပြောတာတော့.. ဘယ်မောပါ့မလဲ.. ခင်ဗျားက ရီတယ်ဟုတ်စ... ဒီလို ဗျ သူတို ့လေးတွေကို ချစ်တဲ့ အချစ်ကလုံးဝသန် ့တယ်ဗျ... အဖြူရောင်စစ်စစ်ဗျ.. ဘာ.. မပိုပါဘူးဗျ... သူတို့အပေါ် ကနေဘာမှ ပြန်မမျှော်လင့်ဘဲ ချစ်တာဗျ သူတို ့ပြန်မချစ်လဲ ဘာဖြစ်လဲ၊ကျုပ်တို ့က မစ်တာမပျက်ဘာဘူးဗျ... ကျုပ်တို ့အတွက်အဖေါ်ပေါ့ဗျာ...

ခင်ဗျားပြောလို ့ပြောရဦးမယ်.. ကျုပ်အဖေနဲ ့အမေက ၂လခြားပြီးပင်စင်ယူသွားကြတယ်.. သြော်ခင်ဗျားမသိသေးဘူးလား.. အေးအေး သူတို့အိမ်မှာနေတော့ ပျင်းနေကြတာပေါ့ဗျာ.. ကျုပ်တို ့ကလဲ အလုပ်သွားချိန်ဆိုတော့အိမ်မှာမရှိ အဲတော့ အဖေနဲ ့အမေ က ဘုရားလေးရှိခို း လိုက်စာလေးဖတ်လိုက် ကျန်တဲ့အချိန်ဆို ဂျိဂျိလေးကို အဖေါ်လုပ်ဂရုစိုက်လိုက်ပေါ့.. ဟော ခင်ဗျာ ရီပြန်ပြီ.. ဟုတ်တယ်လေ လူဆိုတာ စာဖတ်နေ တရားမှတ် ဘယ် အချိန်ပြည် ့လုပ်နိုင်ဦးမလဲဗျ.. အဲတော့ကျုပ်ကောင်လေးကို ပဲ ဂရုစိုက်ရင်းနဲ ့ အဖေါ်လုပ်ရတာဗျ..

ဗျာ .. ဘာကြောင် ့ဒီမှာပြောတာလဲ ဟုတ်စ ခင်ဗျား စဉ်းစားကြည့်လေး အချစ်နှင့်ချစ်ခင်မှု ဆိုတာနဲ ့ပတ်သက်မှု ရှိပါတယ်ဗျ... သူတို ့လေးတွေကိုချစ်တာလဲ အချစ်မဟုတ်ဘူးလား .. ကျုပ်ကောင်မလေးကို ချစ်တာက တမျိုး၊ ကျုပ်မိဘတွေကိုချစ်တာကလဲ တမျိုး.. ကျုပ်သူငယ်ချင်းတွေကိုသံယောဇဉ်ရှိတာက တမျိုး .. ဒီကောင်လေးကို ချစ်တာ သံယောဇဉ်ရှိတာနဲ့ကျ တမျိုးစီပေါ့ဗျာ ။။ ဒါလဲ အချစ် နဲ ့ ချစ်ခင်မှုမဟုတ်လား.. ဒါကြောင့်ဒီမှာပြောတာဗျ .. ခင်ဗျား သဘောမတူလဲ မတတ်နိုင်ဘူးဗျာ....

နောက်တော့သူ ့ကို ချစ်စနိုးနဲ့ နာမည်တွေပေးလိုက်တာမှ စုံနေတာပါပဲ နာမည် လေး ငါးမျိုးလောက် ရှိမလား မဆိုနိုင်ဘူး။ တခါကျတော့ ဇော်ဝင်းထွဋ် ရဲ့ ချစ်သည်းဦး ဗီစီဒီ ကြည့်ရင်း ဂျိဂျိကို ချစ်သည်းဦးလို ့ ခေါ်ဖြစ်သွားတယ်။ ချစ်သည်းဦး လေး ချစ်သည်းဦး ကြီးနဲ့ ခေါ်လို ့ ကောင်းလို ့ တအိမ်လုံး ခေါ်လိုက်ကြတာပါပဲဗျာ။

မေးရဦးမယ်.... ကျုပ်ကတော့ပြောပြီးသွားပြီ... ခင်ဗျားမှာလဲ အဲလို ချစ်ခင်ရတဲ ့ pet အကြောင်းလေးရှိရင်ပြောစမ်းပါဦးဗျ..ကျုပ်က နားထောင်ပေးမှာပေါ့ဗျ ...... ပြောစမ်းပါဗျ... ကဲရေနွေးလေးတော့အရင်သောက်ဦးမှဗျ..

ကဲ..... စာပွဲထိုးလေးရေ ရေနွေးပူပူလေး တအိုးချစမ်းပါဦးကွ.....







အမှတ်တရများစွာဖြင့် ကျနော့်ရဲ ့ဂျိ



တကယ်တော့ ဂျိဟာ သာမန်ကြောင်တကောင်ပါပဲ။ သူများတွေ အတွက်တော့ သာမန် ကြောင်လေးတကောင် ဖြစ်ပေမယ့်။ ကျနော်တို ့ မိသားစု အတွက်ကတော့ ဂျိဟာ မိသားစုဝင်တဦးပါပဲ။ ချစ်သည်းဦးလို ့ ကျနော်က ချစ်လွန်းလို ့ ခေါ်တဲ့ ဂျိမှာ ချစ်စနိုးခေါ်တဲ့ နာမည်တွေ များမှများပါပဲ။ အညိုဖျော့ရောင် ကြောင်ထီးလေး ကောင်ဖြစ်တဲ့ ဂျိဟာ တကယ်တော့ ကျနော် တို ့ ဘဝ ကျနော်တို ့မိသားစုမှာ အကြာဆုံး နေသွားခဲ့တဲ့ ကြောင်လေးတကောင်ပါပဲ။ ၂၀၀၁ ခုနှစ် နိုဝင်ဘာမှာ အိမ်ကို ကျောက်တန်းနားက ထမလုံရွာကနေ ရောက်လာခဲ့တာပါ။

အမေကိုယ်တိုင် ခြင်းတောင်းလေးနဲ့ ထည့်ခေါ်လာတဲ့ ကောင်လေးပါ။ အဲ့ဒီည ကျနော်တို ့ ရုံးကပြန်လာတော့ ဘုရားခန်းထဲမှာ သူသိပ်ကြိုက်တဲ့ ငါးခြောက် စားနေတဲ့ ဂျိ ကို ခုထိ ကျနော်မျက်လုံးထဲမှာ မြင်ယောင်နေဆဲပါပဲ။ မနေ ့တနေ ့ကလို ပါပဲ။

၆ နှစ်ဆိုတာ ဂျိ တို ့အဖို ့ အတော်အသက်ရနေပြီလို ့ ဆိုနိုင်သေးပေမယ့်။ သူများတွေ က ၁၆ နှစ် ၁၇ နှစ်မွေးထားကြတယ်ဆိုတော့ ဂျိကိုလည်း တရံတခါ အဲ့ဒီ လောက်အသက်ရှည်စေချင်တယ် ဆိုရင်အဲဒါ ကျနော်တို ့ရဲ မတရားတဲ့ အတ်တ တခုဖြစ်နေမှာပေါ့။ သံယောဇဉ်ဆိုတာ နှောင်ဖွဲ့တတ်တဲ့သဘောရှိတော့ ကြာလာတော့လည်း ကျနော်တို ့ရဲ ့သံယောဇဉ်တွေကို ဂျိကပဲ နှောင်ဖွဲ ့လေသလား ကျနော်တို ့ရဲ ့ အတ်တတွေ ကပဲ နှောင်ဖွဲ ့လေသလား ဆိုတာ တွေးမိပါတယ်။

သိပ်မကြာခင် ဂျိကို ပြန်ဆုံတွေ ဖို ့ မျှော်လင့်ထားတော့ ကျနော် ပိုခံစားရပါတယ်။ ဂျိအိမ်ကနေ ထွက်သွားပြီး ပြန်မလာတာ ကြာပြီလို ့ အိမ်ကပြောတော့။ စိတ်ထဲမှာ ထင့်ခနဲ့ ဒီတသက်ဂျိကို ပြန်မှ တွေ ့ပါ့တော့မလား တွေးမိတာ မှန်နေပြီ ထင်ပါရဲ ့။ ခုဆို သုံးပါတ်ထဲရောက်နေပြီ ခါတိုင်း ရ ရက်လောက်ဆို ပြန်လာတတ်တဲ့ ဂျိကို အလှူအတန်း အမျှဝေပေးပါလို ့တော့ အိမ်ကို ပြောထားလိုက်တယ်။

ပျောက်သွားတယ်ဆိုတော့ လည်း တချိန်ပြန်ရင်လည်း လာနိုင်သေးတာပဲလို ့တော့ စိတ်ဖြေနိုင်သေးပေမယ့်။ တကယ် အဖြစ်မှန်ကို လက်ခံထားတာ အကောင်းဆုံးပါပဲ။ ပြန်လာမယ် ဆိုရင်တော့ ကောင်းတာပေါ့။ အမေ တို ့ကတော့ ဒီကောင်ကြီး ပြန်မလာတော့ဘူး အခြားမှာ ကောင်းစားနေမှာပေါ့ သားရယ်လို ့တော့ ပြောပေးရှာပါတယ်။

အဲ့သလောက် သံယောဇဉ်ဆိုတာ မထားခဲ့ဖို့ ကောင်းပေမယ့် ။ ဂျိကို မချစ်ဘဲ သံယောဇဉ်မဖြစ်ဘဲမှ မနေနိုင်ခဲ့ပဲကိုးး။ ဆုတောင်းတိုင်းသာ ပြည့်မယ်ဆိုရင် ဂျိကို တခါတခေါက်လောက် ပြန်တွေ ့ချင်ပါသေးတယ်။

ဒါပေမယ့်လည်း နိုဝင်ဘာ(2001)မှာပဲ ရောက်လာပြီး နိုဝင်ဘာ (2007) မှာပဲ ပြန်လည်ထွက်ခွာသွားတဲ့ ဂျိ သူ ့ကို ရည်စူးပြီး ဒီတပါတ်ထဲလောက်မှာ အလှူလုပ်ဖြစ်လိမ့်မယ်ထင်ပါတယ် သုံးပါတ်ကျော်ပြီဆိုတော့လည်း အလှူတခုခုလုပ်ပေးသင့်ပြီလို ့ထင်ပါတယ်....

1 comments:

Anonymous said...

You will Get to know Evergreen Tricks Zone and old charts of Kalyan Matka & Mumbai Matka Of 1972 to 2012 With King Maker Khatri's Favorite Panna SATTA MATKAalso know as leaf and behalf of CHARTS ZONE We Provide You Kalyan Chart Mumbai Chart Supreme Chart Milan day